FAQ
ရှယ်ယာအရောင်းအဝယ်ပြုလုပ်လိုပါက ပထမဦးစွာ ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်ဖွင့်ထားရပါမည်။ ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်သည် ဘဏ်အကောင့်နှင့် ဆင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် မိမိအကောင့်ထဲတွင် ရှယ်ယာပိုင်ဆိုင်မှုများကို ထားရှိနိုင်ပါသည်။
ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန် အကောင့် အွန်လိုင်းမှ ဖွင့်လှစ်ရန် ဒီကို နှိပ်ပါ။
ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန် အကောင့် ဖွင့်လှစ်ရန် CB Securities ရုံးချုပ် သို့မဟုတ် နီးစပ်ရာ CB ဘဏ်ခွဲများသို့ ဆက်သွယ်ပါ။
မြန်မာနိုင်ငံသားများနှင့် မြန်မာကုမ္ပဏီများအတွက်
တစ်ဦးချင်းစာရင်းဖွင့်လိုသူများ
- မှတ်ပုံတင်
- အိမ်ထောင်စုစာရင်းမိတ္တူ
- CB ဘဏ်ငွေစုစာအုပ်/ဘဏ်စာရင်းအမှတ်
- အီးမေးလ်လိပ်စာ
ပူးတွဲစာရင်းဖွင့်လိုသူများ
- မှတ်ပုံတင် (ပူးတွဲ)
- အိမ်ထောင်စုစာရင်းမိတ္တူ
- CB ဘဏ်ပူးတွဲငွေစုစာအုပ်/ဘဏ်စာရင်းအမှတ်
- အီးမေးလ်လိပ်စာ
ကုမ္ပဏီအကောင့်ဖွင့်လိုသူများ
- ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
- DICA မှ Company Extract
- စာရင်းဖွင့်လှစ်ရန် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် တာဝန်ယူဆောင်ရွက်မည့်သူ၏ အမည်
- တာဝန်ယူဆောင်ရွက်မည့်သူ၏ မှတ်ပုံတင်
- CB Bank ကုမ္ပဏီငွေစုစာအုပ်/ဘဏ်စာရင်းအမှတ်
- ရုံး၏အီးမေးလ်လိပ်စာ
အကောင့်ဖွင့်ပြီးပါက Log in ဝင်ရန် ဂဏန်း ၉ လုံးပါ Trading ID Code ၊ လျှို့ဝှက်နံပါတ်တို့ပါသော welcome email တစ်စောင်အား လက်ခံရရှိပါမည်။
အကောင့်တစ်ခုဖွင့်ရန် မည်သည့်အဖိုးအခမှမပေးရပါ။ အကောင့်တစ်ခုဖွင့်လျှင် အနည်းဆုံးမည်မျှသွင်းရမည်ဟု သတ်မှတ်ချက်မရှိပါ။ နှစ်စဉ်ကြေးပေးဆောင်ရန်လည်းမလိုအပ်ပါ။ သို့သော် အရောင်းအဝယ်ပြုလုပ်ရန်အတွက် ရှယ်ယာတန်ဖိုးအပြင် ကော်မရှင်ခပေးဆောင်ရန်အတွက် အကောင့်ထဲတွင် ငွေအလုံအလောက်ရှိရပါမည်။ အဝယ်အော်ဒါတင်သူများအနေနှင့် အစိုးရတံဆိပ်ခေါင်းခွန်ခ (ဝ.၁%) ထပ်ဆောင်းပေးဆောင်ရမည်။
အရောင်းအဝယ်ပြုလုပ်ခြင်းအတွက် ငွေပေးသွင်းခြင်းကို ဘဏ်မှတစ်ဆင့် သို့မဟုတ် CB Mobile Banking Application မှတစ်ဆင့် သို့မဟုတ် CB Pay Application မှတစ်ဆင့်ဆောင်ရွက်နိုင်ပါသည်။
အရောင်းအဝယ်အော်ဒါတင်ခြင်းကို
- CB Trader Mobile Application (သို့) CB Securities website မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်ခြင်း။
- ဖုန်းခေါ်ဆိုမှုပြုလုပ်၍ အရောင်းအဝယ်ပြုလုပ်ခြင်း။
- CB Securities ရုံးသို့ကိုယ်တိုင်လာရောက်၍ အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
အရောင်းအဝယ်ပမာဏ | နှုန်းထားများ |
---|---|
1,000,000 ကျပ်နှင့်အောက် | အရောင်းအဝယ် ပမာဏ၏ 1.0% |
1,000,001 - 10,000,000 ကျပ် | အရောင်းအဝယ် ပမာဏ၏ 0.7% |
10,000,001 - 100,000,000 ကျပ် | အရောင်းအဝယ် ပမာဏ၏ 0.5% |
100,000,000 ကျပ်နှင့်အထက် | အရောင်းအဝယ် ပမာဏ၏ 0.4% |
အဝယ်အော်ဒါ ဖြစ်ပါက တံဆိပ်ခေါင်းခွန် 0.1% ပေးဆောင်ရပါမည်။
- သင်တင်ထားသော အရောင်းအဝယ်အော်ဒါအောင်မြင်ပါက “Trade Confirmation Letter” ကို လက်ခံရရှိမည်ဖြစ်ပါသည်။
- ထိုနေ့၌ပင် “Combined Contract Note” ကိုလည်း ညနေ (၅)နာရီထက်နောက်မကျ၍ လက်ခံရရှိမည်ဖြစ်ပါသည်။
- မအောင်မြင်သွားသော အော်ဒါများသည် ထိုနေ့၏ အရောင်းအဝယ်ပြုလုပ်ချိန် Matching time များအတိုင်း ဆက်လက်သွားမည်ဖြစ်ပြီး ဈေးကွက်ပိတ်ချိန်တွင် သက်တမ်းကုန်သွားမည်ဖြစ်သည်။ သက်တမ်းကုန်သွားသော အော်ဒါများကို တစ်ဖန်ပြန်တင် နိုင်ပါသည်။
တင်ထားသောအော်ဒါများကို ပြောင်းချင်၊ ပယ်ဖျက်ချင်ပါက အရောင်းအဝယ်မဖြစ်ခင်အချိန် သို့မဟုတ် အရောင်းအဝယ် အပြည့်အဝမအောင်မြင်သည့်အချိန် များတွင် ဆောင်ရွက်နိုင်ပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် –
- ဖုန်းခေါ်ဆိုမှုပြု၍သော်လည်းကောင်း
- CB Trader Mobile Application မှတစ်ဆင့်သော်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။
သို့သော် အော်ဒါအရောင်းအဝယ်ဖြစ်သွားပြီးပါက တင်ထားသောအော်ဒါအား ပယ်ဖျက်၍မရပါ။
စာရင်းရှင်းလင်းခြင်းလုပ်ငန်းစဉ်သည် အရောင်းအဝယ်အောင်မြင်သည့်နေ့မှစ၍ ၃ ရက်မြောက်သောနေ့တွင် ဆောင်ရွက်ပါသည်။
(သတိပြုရန် ။ စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များကို ထည့်တွက်ခြင်းမပြုပါ။)
CB Securities အနေဖြင့် လစဉ် အကောင့်ရှင်းတမ်းကို အကောင့်ပိုင်ရှင်များထံသို့ လကုန်ရက်များတွင် ပို့ပေးလျက်ရှိပါသည်။
အကောင့်ထဲတွင် ကျန်ရှိနေသောငွေအား မည်ကဲ့သို့ထုတ်ယူရမလဲ။
- ဖုန်းခေါ်ဆိုမှုပြု၍ ငွေထုတ်ယူရာတွင်
(အမည် ၊ မှတ်ပုံတင်အမှတ် ၊ Trading Account No. ၊ ဘဏ်အကောင့်နံပါတ် တို့ကိုပြောပြရန်လိုအပ်ပါသည်။ ) - အီးမေးလ်ပို့၍ ငွေထုတ်ယူရာတွင်
- ပထမဆုံးအနေနှင့် ဤလင့်ခ်တွင် ဝင်ရောက်၍ ငွေထုတ်လွှာဖောင်ပုံစံကို ရယူပါ။
- ယင်းဖောင်တွင် လိုအပ်သောအချက်အလက်များကို ဖြည့်စွက်၍ လက်မှတ်ထိုးပါ။
- ဤလက်မှတ်ထိုးထားသော ငွေထုတ်လွှာဖောင်အား အောက်ဖော်ပြပါ CB Securities အီးမေးလ်လိပ်စာသို့ scan ဖတ်၍ဖြစ်စေ၊ ဓာတ်ပုံရိုက်၍ဖြစ်စေ ပြန်လည်ပေးပို့ရပါမည်။ အီးမေးလ် – contact@cbsecurities.com.mm
- အကောင့်ဖွင့်ခဲ့စဉ်၌ ဖော်ပြခဲ့သော ဖုန်းနံပါတ်ကို CB Securities မှ ခေါ်ဆို၍ ငွေထုတ်ယူရန်တောင်းဆိုမှုကို အတည်ပြုမည်ဖြစ်ပါသည်။
မရရှိနိုင်ပါ။ CB Securities အနေဖြင့် ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်ထဲရှိ လက်ကျန်ငွေအတွက် အတိုးမပေးပါ။
Market Data on 17th January 2021
MYANPIX | 443.79 1.70 |
---|---|
Total Volume (shares) | 7,990 |
Total Value (MMK) | 38 mil |
Listed Company | 6 |
Market Cap. (MMK) | 719,312 mil |
Market Overview on 17th January 2021
Stock Name | Base Price | 10 AM Matching Price | 10:30 AM Matching Price | 11 AM Matching Price | 11:30 AM Matching Price | 12 PM Matching Price | 12:30 PM Matching Price | 1 PM Matching Price | Change From | Change From Base Price | Volume Traded at Matching Time | Total Volume Traded | Market Cap(Million) |
---|---|---|---|---|---|---|---|---|---|---|---|---|---|
FMI | 9,800 | 9,800 | 9,800 | 9,800 | 9,800 | 9,800 | 9,700 | 9,800 | - | 0.00% | 5 | 1,276 | 265,705 |
MTSH | 3,700 | 3,700 | 3,700 | 3,700 | 3,700 | 3,700 | 3,750 | 3,750 | 50 | 1.35% | 15 | 6,565 | 145,984 |
MCB | 8,100 | 8,100 | 8,100 | 8,000 | 8,200 | 8,200 | 8,200 | 8,200 | 100 | 1.23% | 0 | 17 | 85,288 |
FPB | 22,500 | 22,500 | 22,500 | 22,000 | 22,000 | 22,000 | 22,000 | 22,000 | 500 | 2.22% | 0 | 64 | 54,385 |
TMH | 2,750 | 2,750 | 2,750 | 2,700 | 2,750 | 2,750 | 2,750 | 2,750 | - | 0.00% | 31 | 61 | 35,264 |
EFR | 3,650 | 3,700 | 3,700 | 3,700 | 3,700 | 3,700 | 3,700 | 3,700 | 50 | 1.37% | 0 | 7 | 73,916 |