IPO Shares များဝယ်ယူခြင်း

IPO (Initial Public Offering) ဆိုသည်မှာ ကုမ္ပဏီတခုမှ ၎င်းတို့၏ ရှယ်ယာများကို အများပြည်သူသို့ ကနဦး ကမ်းလှမ်းရောင်းချခြင်း ဖြစ်သည်။ ကုမ္ပဏီများသည် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ရယူပြီးနောက် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်၍သော်လည်းကောင်း၊ အိတ်ချိန်းပြင်ပတွင် ကောင်တာဖြင့်သော်လည်းကောင်း ၎င်းတို့၏ ရှယ်ယာများကို အများပြည်သူသို့ ကနဦး ကမ်းလှမ်းရောင်းချနိုင်သည်။

ဈေးကွက်အတွင်း ကုမ္ပဏီတခုခုမှ IPO ရှယ်ယာများ ရောင်းချခြင်း ရှိပါက CB Securities မှ ကာစတန်မာများထံသို့ ၎င်း ရှယ်ယာများနှင့်ပတ်သတ်သော သတင်းအချက်အလက်များကို ပေးပို့အကြောင်းကြားပေးပါသည်။

ထိုကဲ့သို့ IPO ရှယ်ယာများနှင့်ပတ်သတ်သော သတင်းအချက်အလက်များကို အမြဲတစေ ရယူလိုပါက CB Securities တွင် Trading Account တခုဖွင့်ထားပါ။ အကောင့်ဖွင်ရန် ဤနေရာကို နှိပ်ပါ။ အကောင့်ဖွင့်ခြင်းအတွက် အခကြေးငွေ ပေးဆောင်ရခြင်း မရှိပါ။